Celebrity

နေမကောင်းလို့ မနက် (၆) နာရီခွဲမှာ ခွဲစိတ်ခန်းဝင်ခဲ့ရတဲ့ ထက်ထက်မိုးဦး

Zawgyi Font


Image may contain: 1 person, indoor

Photo ထက်ထက်မိုးဦး


Image may contain: 1 person, indoor

Photo ထက်ထက်မိုးဦး


Image may contain: 1 person, smiling

Photo ထက်ထက်မိုးဦး


Image may contain: 1 person, sitting

Photo ထက်ထက်မိုးဦး


 

Unicode Font

အကယ်ဒမီ ထက်ထက်မိုးဦးဟာ နေမကောင်းတဲ့အတွက် မန္တ​လေးမြို့ မန္တလာဆေးရုံမှာ ယနေ့ (၁၃) ရက်နေ့ မနက် (၆) နာရီမှာ ခွဲစိတ်ခန်းဝင်သွားပြီလို့ သိရပါတယ်။ ထို့အတွက် ပရိသတ်များအားလုံး စိတ်မကောင်းခဲ့ကြပြီး အမြန်ဆုံး နေပြန်ကောင်းလာစေဖို့အတွက် ၀ိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။
အကယ်ဒမီ ထက်ထက်မိုးဦးက မကြာသေးမီမှာ ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့ပွဲကို Fan များနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ အနုပညာလောကမှာ နှစ်အတန်ကြာ ဆိတ်သုဉ်းခဲ့ပြီးနောက် အခုဆိုရင် အနုပညာလောကကို ခြေပြန်ချလာခဲ့ပြီနောက်  ပြန်လည်လုပ်ကိုင်လာတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးများနဲ့ photo shooting များကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။
သူမနဲ့အလွန်တူတဲ့ သမီးလေး စစ်လွန်းဝတီမိုး ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးကိုလည်း ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သမီးလေးကတော့ မိခင်ရဲ့အနုပညာသွေးအပြည့်ပါသလို လူတိုင်းရဲ့ချစ်ခင်မှုကိုလည်း အပြည့်ရရှိခဲ့ပါတယ်။ သမီးလေးက ကြေငြာဓာတ်ပုံများနဲ့ magazine photo shooting လေးများကိုလည်း လုပ်ဖြစ်နေတာ တွေ့ရပါတယ်။

အကယ်ဒမီ (၂) ဆုကို ပိုင်ဆိုင်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ခဲ့ပြီး လျှမ်းလျှမ်းတောက်တဲ့ ကြေငြာမင်းသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒွေးနဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားများမှာ အောင်မြင်မှု များစွာရရှိခဲ့တဲ့အပြင် အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကား (၂) ကားလုံးကလည်း လွင်မိုးနဲ့အတူ သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ကားများ ဖြစ်ပါတယ်။

Source From HTET HTET MOE OO

Comment here