Celebrity

သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေသလို ပရိသတ်များရဲ့ အသည်းများကိုလည်း ကြွေအောင် ဖမ်းစားလိုက်တဲ့ အေးသောင်း

Zawgyi Font


Image may contain: 1 person, flower and plant

Photo အေးသောင်း


Image may contain: 1 person, flower

Photo အေးသောင်း

Image may contain: 1 person, flower and closeup

Photo အေးသောင်း


Image may contain: 1 person, flower

Photo အေးသောင်း

Image may contain: 1 person, flower, plant and nature

Photo အေးသောင်း

Source From Aye Thaung

 

Unicode Font

အရမ်းလှတဲ့ ခရမ်းရောင်ပန်းပွင့်လေးများနဲ့ အပြိုင် အရမ်းကို လှပကြော့ရှင်းနေတဲ့ အေးသောင်းရဲ့ အနီးကပ်ပုံရိပ်လေးများဟာ မြင်သူတကာရဲ့ရင်ထဲကို အေးမြစေခဲ့ပါတယ်။ ရိုးရှင်းတဲ့ ရုပ်သွင်လေးနဲ့ ယဉ်ယဉ်လေး ဓာတ်ပုံရိုက်ကူးထားတဲ့ ပုံရိပ်လေးများက ပရိသတ်များရဲ့သဘောကျမှုများနဲ့ ဝေဖန်ချက်ကောင်းလေးများကို ရရှိစေခဲ့ပါတယ်။
အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ အေးသောင်းဟာ ဆယ်ကျော်သက်က ရုပ်သွင်လေးအတိုင်း မပြောင်းမလဲပေမယ့် ရိုးယဉ်တဲ့ အလှတရားများကတော့ တိုးပွားလာတယ်လို့တော့ ပရိသတ်များက ထင်ကြေးပေးကြပါတယ်။ အနုပညာအလုပ်များနဲ့အတူ ဘာသာရေး၊ သာသနာရေးနဲ့ လူမှုရေးများကိုပါ အားတက်သရောလုပ်ကိုင်လာတာကို တွေ့ရပြီး လူချစ်လူခင်ပေါများလာခဲ့ပါတယ်။
အေးသောင်းက လတ်တလောမှာ အနုပညာလှုပ်ရှားမှုများကို ဆက်တိုက်ဆိုသလို လုပ်နေပြီး ကြော်ငြာရိုက်ကူးရေးများကိုလည်း အားရင်အားသလို ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ နောက်ပြီး အေးသောင်းက အချစ်ရေးမှာ စိတ်ချမ်းသာရပါတယ်တဲ့နော်။ ချစ်သူက သူမကို ပိုးမွေးသလို မွေးပြီး ဂရုလည်းစိုက်တယ်လို့ ပြောပြဖူးပါတယ်။
Source From Aye Thaung

Comment here