Celebrity

ေတာင္ကုိရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕က အလွဆံုး ရႈခင္းမ်ားနဲ႕အၿပိဳင္ လွေသြးေၾကြေနတဲ့ ေရႊကစ္

Zawgyi Font

ေရႊကစ္တစ္ေယာက္ လက္ရွိမွာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ၿပီး အရမ္းလွတဲ့ ဘူဆန္ၿမိဳ႕ရဲ႕ ေနရာေဒသမ်ားနဲ႕ သမိုင္း၀င္ေနရာမ်ားကို သြားေရာက္လည္ပတ္ခဲ့ပါတယ္။ အကၤ်ီအျဖဴေရာင္ လက္ျပတ္ေလးနဲ႕ ဆံႏြယ္အရွည္ေလးမ်ား ေလလြင့္ကာ လွပေနတဲ့ ေရႊကစ္တစ္ေယာက္ အရမ္းလွတဲ့ ဘူဆန္ၿမိဳ႕ရႈခင္းမ်ားနဲ႕ အမွတ္တရပံုရိပ္ေလးမ်ား ရိုက္ကူးခဲ့ပါတယ္။

Image may contain: 1 person, outdoor

Photo 📸Yu Maw ( May Oo magic)

ေရႊကစ္ဟာ ဇြန္လ (၉) ရက္ေန႔ ကိုးရီးယားႏိုင္ငံ ဆုိးလ္ျမိဳ႕မွာ က်င္းပခဲ့တဲ့ 2019 Asia Model Festival ရဲ႕ Asia Model Awards ပြဲမွာ Asia Special Award ကို ရရွိခဲ့ပါတယ္။ မၾကာခင္မွာလည္း ကိုရီးယားမင္းသားနဲ႕ ကိုရီးယားအခ်စ္ကားလိုမ်ိဳး ရုပ္ရွင္ရိုက္ျဖစ္မယ္လို႕ သိရပါတယ္။ ပရိသတ္မ်ားကလည္း ေရႊကစ္ ရိုက္ကူးမယ့္ ဇာတ္ကားကို အခုကတည္းက စိတ္၀င္စားေနၾကတာ ျဖစ္ပါတယ္။

Image may contain: one or more people, people standing, ocean, sky, wedding, outdoor and water

Photo 📸Yu Maw ( May Oo magic)

Image may contain: 1 person, ocean, outdoor and closeup

Photo 📸Yu Maw ( May Oo magic)

ဒါ့အျပင္ ရဲတိုက္၊ ေဒါင္း၊ ေရႊထူးတို႕နဲ႕အတူ ေရႊကစ္သရုပ္ေဆာင္ခဲ့တဲ့ ‘ဒ႑ာရီမိုး’ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ပထမဦးဆံုး တီဆာအတိုေလးကလည္း ဇြန္လ (၁၅) ရက္ေန႕မွာ ထြက္ရွိေတာ့မွာ ျဖစ္ပါတယ္။ အကယ္ဒမီ ေျပတီဦးနဲ႕ သရုပ္ေဆာင္ထားတဲ့ ‘ႏွစ္ပတ္အလို’ ဆိုတဲ့ ဇာတ္ကားၾကီးကိုလည္း မၾကာခင္မွာ ရံုတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Photo ေရႊကစ္

Image may contain: 1 person, standing, ocean, sky, outdoor and water

Photo 📸Yu Maw ( May Oo magic)

၀တ္မႈန္ေရႊရည္ဟာ အႏုပညာလုပ္ငန္းမ်ားကို အားတက္သေရာ ၾကိဳးၾကိဳးစားစားလုပ္ကိုင္ေနၿပီး ရုပ္ရွင္ဇာတ္ကားၾကီးမ်ား၊ ေၾကာ္ျငာမ်ားနဲ႕ ပြဲအခမ္းအနားမ်ားကို တက္ေရာက္ေနတာ ျဖစ္ပါတယ္။ သို႕ေပမယ့္လို႕ ၀တ္မႈန္ေရႊရည္ဟာ အခ်စ္ေရးမွာ အလြန္တည္ၿငိမ္ေနခဲ့ၿပီး သူမရဲ႕အခ်စ္ေရးအေၾကာင္း ပရိသတ္မ်ားကို အသိေပးထားတာမ်ိဳးလည္း မရွိေသးပါဘူး။

Photo ‘ဒ႑ာရီမိုး’ ႐ုပ္ရွင္ဇာတ္ကားႀကီး

Image may contain: one or more people, ocean, sky, cloud, outdoor, water and nature

Photo 📸Yu Maw ( May Oo magic)

Image may contain: 1 person, ocean, sky, outdoor, water and nature

Photo 📸Yu Maw ( May Oo magic)

Source From Wutt Hmone Shwe Yi

 

Unicode Font

ရွှေကစ်တစ်ယောက် လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး အရမ်းလှတဲ့ ဘူဆန်မြို့ရဲ့ နေရာဒေသများနဲ့ သမိုင်းဝင်နေရာများကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အင်္ကျီအဖြူရောင် လက်ပြတ်လေးနဲ့ ဆံနွယ်အရှည်လေးများ လေလွင့်ကာ လှပနေတဲ့ ရွှေကစ်တစ်ယောက် အရမ်းလှတဲ့ ဘူဆန်မြို့ရှုခင်းများနဲ့ အမှတ်တရပုံရိပ်လေးများ ရိုက်ကူးခဲ့ပါတယ်။
ရွှေကစ်ဟာ ဇွန်လ (၉) ရက်နေ့ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ 2019 Asia Model Festival ရဲ့ Asia Model Awards ပွဲမှာ Asia Special Award ကို ရရှိခဲ့ပါတယ်။ မကြာခင်မှာလည်း ကိုရီးယားမင်းသားနဲ့ ကိုရီးယားအချစ်ကားလိုမျိုး ရုပ်ရှင်ရိုက်ဖြစ်မယ်လို့ သိရပါတယ်။ ပရိသတ်များကလည်း ရွှေကစ် ရိုက်ကူးမယ့် ဇာတ်ကားကို အခုကတည်းက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရဲတိုက်၊ ဒေါင်း၊ ရွှေထူးတို့နဲ့အတူ ရွှေကစ်သရုပ်ဆောင်ခဲ့တဲ့ ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပထမဦးဆုံး တီဆာအတိုလေးကလည်း ဇွန်လ (၁၅) ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီ ပြေတီဦးနဲ့ သရုပ်ဆောင်ထားတဲ့ ‘နှစ်ပတ်အလို’ ဆိုတဲ့ ဇာတ်ကားကြီးကိုလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည်ဟာ အနုပညာလုပ်ငန်းများကို အားတက်သရော ကြိုးကြိုးစားစားလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးများ၊ ကြော်ငြာများနဲ့ ပွဲအခမ်းအနားများကို တက်ရောက်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့်လို့ ဝတ်မှုန်ရွှေရည်ဟာ အချစ်ရေးမှာ အလွန်တည်ငြိမ်နေခဲ့ပြီး သူမရဲ့အချစ်ရေးအကြောင်း ပရိသတ်များကို အသိပေးထားတာမျိုးလည်း မရှိသေးပါဘူး။

Source From Wutt Hmone Shwe Yi

Comment here