Celebrity

Princess အပြင်အဆင်လေးနဲ့ တစ်မျိုးတစ်ဖုံလေး ချစ်ဖို့ကောင်းနေတဲ့ နေခြည်ဦး

Zawgyi Font


Image may contain: 1 person, closeup

Photo နေခြည်ဦး


Image may contain: 1 person, closeup

Photo နေခြည်ဦး


Image may contain: 1 person, stripes and closeup

Photo နေခြည်ဦး

Image may contain: 1 person, selfie and closeup

Photo နေခြည်ဦး

Source From Nay Chi Oo

 

Unicode Font

နေခြည်ဦးဟာ မျက်နှာပိုင်းဆိုင်ရာ ပြုပြင်ခွဲစိတ်ပြီးနောက် အရင်ကထက် ပိုမိုလှပလာခဲ့ပါတယ်။ အလှအပပိုင်းဆိုင်ရာကို ဂရုတစိုက်ထိန်းသိမ်းသလို ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း လေ့လာလိုက်စားတတ်သူ ဖြစ်ပါတယ်။

နေခြည်ဦးကို အများအားဖြင့် ပုံမှန်အပြင်အဆင်များ၊ ချစ်စဖွယ်ကောင်းတဲ့ မိတ်ကပ်လိမ်းခြယ်မှုလေးများနဲ့ အမြင်များခဲ့ပေမယ့် Princess အပြင်အဆင်လေးနဲ့တော့ မမြင်ဖူးကြပါဘူး။ မိတ်ကပ်မေဦးရဲ့ ပြင်ဆင်ခြယ်သမှုလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ နေခြည်က မြင်ရခဲတဲ့ ပုံရိပ်လေးများကို သူမရဲ့လူမှုစာမျက်နှာထက်မှာ မျှဝေလာခဲ့ပြီးနောက် ပရိသတ်များ ပါးစပ်အဟောင်းသားနဲ့ မှင်သက်အံ့သြသွားရပါတယ်။

နေခြည်ဦးဟာ Beauty Blogger တစ်ဦးအဖြစ် အောင်မြင်မှုရရှိလာခဲ့ပြီး အနုပညာလောကထဲ စတင်ဝင်ရောက်လာချိန်မှာတော့ အားပေးတဲ့ပရိသတ်များစွာ ရှိခဲ့ပါတယ်။ သူမဟာ ‘ဧည့်သည်’ ၊ ‘အောက်ဖဲမလှန်ကြေး’၊ ‘ကိုယ်ပွား’၊ ‘ရန်သူ’ စတဲ့ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးထားခဲ့ပါတယ်။ ထပ်မံပြီး ‘အခမ်းနားဆုံး မေတ္တာ’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို နေတိုးနဲ့ ပထမဆုံး ရိုက်ကူးသွားမှာဖြစ်ပြီး အခုဆိုရင် ရှုတင်များ စတင်နေပြီဖြစ်ပါတယ်။

Source From Nay Chi Oo

Comment here