Knowledge

ပုဇွန်ကပ်သလိပ်အစပ်ကြော်မီနူးအသစ်ကို ဖော်ပြပေးလိုက်ပါတယ်…..

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ရိုးရိုး “ပုဇွန်ကပ်သလိပ်အစပ်ကြော်” မီနူးကို စားချင်စဖွယ်အရောင်အစင်းရှိ မြင်သူတိုင်း သွားရေယိုသွားစေရမယ့် ပြုလုပ်နည်းကို အလုပ်အားလပ်ရက်မှာ  လွယ်ကူစားကောင်းပြီး စားဖူးရုံနဲ့စွဲသွားစေရမယ့် “ပုဇွန်ကပ်သလိပ်အစပ်ကြော်” မီနူးကိုသူများနဲ့မတူ တဲ့  ပါဝင်ပစ္စည်း ပြုလုပ်နည်း တွေကို ဖေါ်ပြပေးသွားမှာပါ

ကြိတ်ထားသည့်ပုဇွန်               ၃၅၀ ဂရမ်

ကြိတ်ထားသည့်ဝက်သား         ၁၀၀ ဂရမ်

နံနံပင်အမြစ်                         ၂-၃ မြစ်

ငြုပ်သီး                               ၃-၄ တောင့်

ဂျုံမှုန့်                               ၂ ဇွန်း (ဟင်းခပ်ဇွန်း)

အရသာပြင်ဆော့စ်                  ၁ ဇွန်း (ဟင်းခပ်ဇွန်း)

ငြုပ်ဆီ                                ၂ ဇွန်း (ဟင်းခပ်ဇွန်း)

သကြား                                ၁ ဇွန်း (လဖ္ဘက်ဇွန်း)

ခရုဆီ                                 ၁ ဇွန်း (ဟင်းခပ်ဇွန်း)

ငြုပ်ကောင်းအနည်းငယ်

မက်မန်းသီးဆော့စ်

ပေါင်ဒါမှုန့်ရောစပ်နည်း

ဂျုံမှုန့်                                  ၁ ခွက်

မုန့်ကြွပ်အနှစ်                 ၁ ခွက်

ကြက်ဥ                             ၁ လုံး

ကြော်ရန် ဆီ

ပြုလုပ်နည်း

၁. ငြုပ်သီး နှင့် နံနံပင်အမြစ်တို့ကိုညက်နေအောင်ထောင်းပါ ပြီးလျှင် ကြိတ်ထား သော ၀က်သားနှင့်ပုဇွန်တို့ကို အရသာပြင်ဆော့စ်၊ ငြုပ်ဆီ၊ ခရုဆီ၊ သကြား၊ ဂျုံမှုန့်တို့နှင့်နယ်ပါ ပြီးလျင် ငငြုပ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီး မိနစ် ၃၀ ခန့် ရေခဲသေတ္တာထဲထည့်နှက်ထားပါ

၂. နှက်ထားတဲ့ ပုဇွန်အနှစ်တို့ကို အလုံး၊ အပြား အနေတော်လုံးထားပါ ပြီးလျင် ရောစပ်ထားသည့်ဂျုံနှစ်စိမ်ပြီး မုန့်ကြွပ်ကြော်နှင့်စိမ်လိုက်ပါ

၃. မီးအနည်းငယ်တည်ပြီး ၃-၅ မိနစ်လောက်စောင့်ပြီး ရွှေရောင်သန်းသည်အထိကြော်ပါ

၎. မက်မန်းသီးဆော့စ်နှင့်တွဲပြီးအသင့်သုံးဆောင်နိုင်ပြီ
























Ref : Foodtips

Comment here