Uncategorized

ကြက်သီးထဖွယ်ရာရှုခင်းတွေနဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်ကြီး ၄ ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>

နိုင်ငံတစ်နိုင်ငံတိုးတက်လားမတိုးတက်ဘူးလားဆိုတာ အမြင်နဲ့ဆုံးဖြတ်လို့ရနိုင်တဲ့အရာတွေထဲ မိုးမျှော်တိုက်တွေပါဝင်လို့နေပါတယ်။ ပေပေါင်းဆယ်ချီရာချီမြင့်မားကြတဲ့ မိုးမျှော်တိုက်ကြီးတွေပေါ်က မြင်ရတဲ့ ရှုခင်းတွေဟာဆိုရင်လည်း လေတဖြူးဖြူးတိုက်နေတဲ့ကြားက ကြက်သီးထစေမှာအမှန်ပါပဲ။ ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးတွေအကြောင်း Insider မှာ တွေ့မိတဲ့အတွက် ပြန်လည်ကိုးကားမျှဝေပေးလိုက်ပါတယ်။

(၁) Vincom Landmark 81 tower

Source : Saigoneer/Shutterstock

ဟိုချီမင်းမှာရှိတဲ့ မိုးမျှော်တိုက်ကြီးကတော့ ဗီယက်နမ်မှာ အမြင့်ဆုံးလို့ The Skyscraper Center က သတ်မှတ်ထားခဲ့ပါတယ်။ ပေပေါင်း ၁၅၄၀ မြင့်ပြီး အထဲမှာဆိုရင်တော့ ကြယ်ငါးပွင့်စားသောက်ဆိုင်ကြီးတွေ၊ ဇိမ်ခံဟိုတယ်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေအပြင် စကိတ်ကွင်းတွေတောင် ထည့်သွင်းထားပါတယ်တဲ့။

(၂) New York, 111 West 57th Street

View this post on Instagram

Coming Soon…

A post shared by 111 West 57th St. (@111w57) on

Source : Instagram

ဒီမိုးမျှော်တိုက်ကတော့ နယူးယောက်တစ်မြို့လုံးမှာ အကြီးဆုံးတော့မဟုတ်ပေမယ့် ကမ္ဘာ့ဧရိယာအသေးဆုံးမိုးမျှော်တိုက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုအပိုင်သိမ်းထားခဲ့တာပါ။ ပြောရရင်ကမ္ဘာ့အပိန်ဆုံး မိုးမျှော်တိုက်လေးပေါ့။ နယူးယောက်ရဲ့ 111 West 57th လမ်းမှာတည်ရှိပြီး Central Park ရဲ့ အပေါ်စီးရှုခင်းတွေကို တဝကြီး ခံစားရမှာပဲဖြစ်ပါတယ်။

(၃) Liebian International Building

Source : Instagram

Liebian International Plaza လို့လည်း လူသိများတဲ့ မိုးမျှော်တိုက်ကြီးကတော့ တရုတ်နိုင်ငံရဲ့ Guizhou အနောက်တောင်ပိုင်း Gyuyang မှာ တည်ရှိနေပါတယ်။ ဟိုတယ်တွေ၊ ရုံးခန်းတွေအပြင် ဈေးဝယ်စင်တာကြီးပါ ထည့်သွင်းထားတာဖြစ်လို့ အဲဒီဒေသကလူတွေအတွက်တော့ အားကိုးလောက်စရာပါပဲ။ ဒီအပြင် ကမ္ဘာ့အကြီးဆုံး လူလုပ်ရေတံခွန်အတုဟာဆိုရင်လည်း ဒီအဆောက်အဦရဲ့ ရှေ့မျက်နှာစာမှာ ထည့်သွင်းဖန်တီးထားပါသေးတယ်။ ရေတံခွန်တောင် ပေ ၃၅၀ ရှိတယ်ဆိုတော့ အဆောက်အဦရဲ့အမြင့်ကို စဉ်းစားသာကြည့်ပါတော့။

(၄) The Vessel

Sourcec :Leonard Zhukovsky/Shutterstock

ပျားလပို့ပုံသဏ္ဍာန်မျိုး ဒီဇိုင်းထွင်ဖန်တီးထားတဲ့ The Vessel ကတော့ ဗြိတိသျှဗိသုကာပညာရှင် Thomas Heatherwick ရဲ့ လက်ရာကြီးပါ။ Hudson မြစ်ကမ်းနဘေးမှာ တည်ရှိတာကြောင့် တခြားနေရာတွေထက် လေတိုက်တာကို ပိုခံစားရမှာဖြစ်ပြီး အမြင့်ပေကတော့ ၁ပ ၁၅၀ ရှိပါတယ်။











Ref : Insider

 

Comment here