Health

ခံတွင်းအနံ့ဆိုးဝါးခြင်းကိုကုစားဖို့ ဆောင်ရန်ရှောင်ရန်များကို လိုက်နာသင့်ပါတယ်…..

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ခံတွင်းအနံ့ဆိုးဝါးစေသော အပြုအမူများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စားပြီးတဲ့အခါမှာ အကြွင်းအကျန်တွေဟာ သွားနဲ့ လျှာကို ကိုတွယ်ကပ်ပြီး ကျန်စေတဲ့ အစားအစာတွေဟာ ခံတါင်းအနံ့ကို ဆိုးဝါးစေပါတယ်။ ဥပမာ- ဒိန်ခဲ၊ ဘီစကစ်၊ ပေါင်မုန့်၊ ပိန်းဥ၊ ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။

(၂) အဲဒီ အကြွင်းအကျန် အစာတွေကို ဘက်တီးရီးယားတွေက အနံ့ဆိုးတွေ ထွက်စေဖို့ ဓာတ်ပြောင်းပေးပါတယ်။

(၃) အစာမကြေစေနိုင်သော အစာတွေကို စားပါကလည်း အစာအိမ်ထဲမှာ အဲဒီအစာတွေ သိုလှောင်ထားတဲ့အချိန် ကြာတာနဲ့အမျှ ဆိုးဝါးတဲ့ အနံ့တွေ ခံတွင်းကိုပြန်တက်ပြီး အနံ့ဆိုးထွက်စေပါတယ်။ ဥပမာ-ဓာတ်ချုပ်နေတဲ့အခါ ခံတွင်းက ပြန်ထွက်တဲ့ အနံမျိုး။

(၄) ဆေးလိပ်နဲ့ အရက်ကနေ ပါတဲ့ အနံ့အသက်နဲ့ ဓာတ်ပေါင်းတွေကြောင့်လည်း သွားနဲ့ခံတွင်းမှာ အနံ့တွေ စွဲကျန်ပြီး အနံ့ဆိုးဝါးစေးပါတယ်။

(၅) အခြားကိုယ်တွင်းရောဂါတစ်ခုခုကြောင့်လည်း ခံတွင်းအနံ့ဆိုးဝါးစေပါတယ်။

ခံတွင်းအနံ့သက်သာစေဖို့ လုပ်ဆောင်နည်း….

(၁) အစာစားပြီးတိုင်း ပလုပ်ကျင်းပါ၊ သွားတိုက်ပါ၊ လျှာကို ပွတ်ပြီး ပြောင်စင်အောင် ဆေးပါ။

(၂) အစာကြေညက်ဖို့အတွက် ရေကို ၀အောင်သောက်ပါ။

(၃) အရက်ဆေးလိပ်ကို ရှောင်ကြဉ်ပါ။

(၄) ပုပ်ဟောင်တဲ့ အစားအစာမျိုးကို မစားပါနဲ့။ ဥပမာ- ငါးပိရေ၊ ဒညင်းသီး။

အကောင်းဆုံး ဆေးရည်ကို မှီဝဲသင့်ပါတယ်…..

ခံတွင်းအနံသက်သာစေဖို့ အကောင်းဆုံးဆေးရည်ကတော့ ပန်းသီးဗနီဂါအရည် ဖြစ်ပါတယ်။ ပန်းသီးဗနီဂါမှာ malic နဲ့ acetic acid ဓာတ်တွေ ပါဝင်လို့ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို အမြန်ဆုံးနှိမ်နှင်းပေးပြီး ခံတွင်းအနံ့ဆိုးခြင်းကို လျှော့ပါးစေပါတယ်။ နောက်ပြီး ပန်းသီးဗနီဂါမှာ calcium, potassium, sodium, magnesium, copper, sulfur  ဓာတ်တွေ ပါဝင်လို့ ခံတွင်းနဲ့ သွားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ကို လျှင်မြန်စေပြီး ၀မ်းချုပ်ခြင်းကိုလည်း လျှော့ပါးစေပါတယ်။ ပန်းသီးဗနီဂါမရှိရင်လည်း ပန်းသီးဖျော်ရည်တစ်ခွက်လောက် အစားစားပြီးတိုင်း သောက်ပေးရင် ထိရောက်တဲ့ အကျိုးကို ပေးစွမ်းပါတယ်။ ပန်းသီးဗနီဂါ အသုံးပြုပုံကတော့ ပန်းသီးဗနီဂါ စားပွဲတင်ဇွန်း နှစ်ဇွန်းကို ရေနှစ်အောင်စနဲ့ ရောပြီး အစားစားပြီးတိုင်း သောက်ပေးရတာ ဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးဝါးတယ်လို့ ထင်တဲ့ အချိန်မျိုးမှာလည်း သောက်ပေးနိုင်ပါတယ်။















Ref : Brightside

 

Comment here