Celebrity

ပရိသတ်များရဲ့ထင်မြင်ချက်ကို ရိုက်ချိုးလိုက်နိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်

Zawgyi Font


Image may contain: 1 person, sunglasses and text

📸 Nay Min Tun


Image may contain: 7 people, people standing and outdoor

📸 Nay Min Tun

Image may contain: 2 people, people standing

📸 Nay Min Tun


Image may contain: 1 person

📸 Nay Min Tun

Image may contain: 1 person, indoor

📸 Nay Min Tun

Image may contain: 4 people, people smiling, people standing and crowd

📸 Nay Min Tun


 

Unicode Font

ပွဲတစ်ပွဲတက်ရောက်တိုင်း သူမတူတဲ့ ဖက်ရှင်အကြမ်းစားများနဲ့ တက်ရောက်လေ့ရှိသူ သင်ဇာဝင့်ကျော်က ပရိသတ်များနဲ့ မီဒီယာများရဲ့ စိတ်ဝင်စားမှုများကို ဖမ်းစားထားနိုင်ခဲ့တဲ့ နာမည်အကြီးဆုံး မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ယနေ့တက်ရောက်လာတဲ့ သူမရဲ့ဖက်ရှင်လေးကတော့ ထင်မှတ်မထားလောက်အောင် ရိုးရှင်းနေတာကြောင့် စောင့်မျှော်နေကြသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။

မန္တလေးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Canal+ ရဲ့ ပရိသတ်များနဲ့ တွေ့ဆုံပွဲလေးကို သင်ဇာက အရမ်းလှတဲ့ ဖက်ရှင်အဆင်လေးနဲ့ တက်ရောက်ခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ကျက်သရေရှိစွာ လှပနေတဲ့ သူမကို ပရိသတ်ထုကြီးက အားရကျေနပ်ခဲ့သလို ဝေဖန်ချက်ကောင်းများလည်း ပေးခဲ့ကြပါတယ်။ ထိုပွဲလေးကို သင်ဇာနဲ့ ပိုင်တံခွန်တို့က ပရိသတ်များနဲ့ တွေ့ဆုံခဲ့ကြပြီး ဇေယျကတော့ presenter လုပ်ပေးခဲ့ပါတယ်။

သင်ဇာက ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ခဲ့ရုံသာမက ကျစ်လစ်ဖွံ့ဖြိုးကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် မိန်းကလေးများရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ လိုအပ်ချက်အလှတရားများကိုလည်း ပိုင်ဆိုင်ခဲ့တာကြောင့် မိန်းကလေးပရိသတ်ထုကြီးကြား အလွန်ရေပန်းစားတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။
Source From Thin Zar Wint Kyaw

Comment here