Knowledge

ခွေးမွေးတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကြောင်း သိပ္ပံပညာရှင်များကတွေ့ရှိထားကြောင်းကို ဖော်ပြပေးလိုက်ပါတယ်…..

<<< Zawgyi ဖြင့်ဖတ်ရန် >>>

လူတွေမှာတော့ ခွေးမွေးရခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်များစွာရှိပါတယ်။ အများအားဖြင့်ကတော့ ချစ်ဖို့ကောင်းလို့၊ အဖော်ရလို့၊ စတဲ့ အကြောင်းပြချက်တွေနဲ့ မွေးမြူကြပြီး စိတ်သက်သာမှုပေးတယ်၊ အထောက်အကူဖြစ်စေတယ် စတဲ့ အယူအဆတွေနဲ့လည်း မွေးမြူကြတယ်။

University of Liverpool က လေ့လာသူတွေဟာ Cheshire အနောက်ဘက်က လူနေမှု ၀န်းကျင်မှာ ကွင်းဆင်းလေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ့က ခွေးပိုင်ရှင် ၁၉၁ ဦး၊ ခွေးမမွေးထားတဲ့သူ ၄၅၅ ဦးနဲ့ ကလေး ၄၆ ဦးတို့အပေါ်လေ့လာမှုပြုခဲ့ကြတယ်။ အဲ့ဒီလိုလေ့လာခဲ့ရာမှာတော့ ယူကေမှာ ခွေးမရှိတဲ့ လူတွေက တက်ကြွလှုပ်ရှားမှုနည်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

လူတွေဟာ တစ်ပတ်ကို လမ်းလျှောက်လေ့ကျင့်ခန်းကို မိနစ် ၁၅၀ လုပ်သင့်တယ်လို့ NHS က အကြံပြုနှိုးဆော်ခဲ့ဖူးပါတယ်။ ခွေးရှိတဲ့ သူ ၈၇.၃ ရာခိုင်နှုန်းက အဲ့ဒီ့ တားဂတ်ကို ရောက်တာတွေ့ရပြီး ခွေးမရှိတဲ့တွေမှာတော့ ၆၂.၇ ရာခိုင်နှုန်း တားဂတ်ကို ရောက်တာတွေ့ရပါတယ်။

ခွေးပိုင်ရှင်တော်တော်များကလည်း လုပ်ပုံမှန်လျှောက်သူတွေ၊ ပြေးလွှားလှုပ်ရှားသူတွေ ဖြစ်နေတာကို လေ့လာသူတွေက တွေ့ရှိခဲ့ကြတယ်။ ခွေးရှိတဲ့သူတွေဟာ တစ်ပတ်မှာ ၇ ကြိမ်နဲ့ မိနစ် ၂၂၀ လမ်းလျှောက်ဖြစ်ကြပြီး မရှိတဲ့သူတွေထက်ပိုပြီး မကြာခဏ အချိန်ကြာကြာ လမ်းလျှောက်ဖြစ်တာကိုတွေ့ခဲ့ကြရတယ်။

၎င်း လေ့လာသူတွေက ခွေးမွေးတာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်ပြုနေကြောင်း တနည်းအားဖြင့်ထောက်ပြခဲ့ကြတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။







Ref : Brightside

Comment here