Celebrity

လန်းဆန်းတက်ကြွတဲ့ အပြုံးလေးနဲ့ ပွဲအခမ်းအနားကို အလှပဆုံး တက်ရောက်ခဲ့တဲ့ ပိုင်ဖြိုးသု

Zawgyi Font


Image may contain: 2 people, people smiling, people standing

Photo- Ria BoVich


Image may contain: 2 people

Photo- Ria BoVich


Image may contain: 3 people, people smiling

Photo- Ria BoVich


 

Unicode Font

ပိုင်ဖြိုးသုက Revlon Candid Makeup series မိတ်ဆက်ပွဲအခမ်းအနားလေးကို တက်ရောက်ဂုဏ်ပြုခဲ့ပြီး အဖြူရောင်အင်္ကျီလေးနဲ့တက်ရောက်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ အများနဲ့မတူတဲ့ ဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့တဲ့ ပိုင်ဖြိုးသုက ချိုမြိန်ပြီး တက်ကြွလန်းဆန်းတဲ့ အပြုံးလေးကိုပါ တပါးတည်း ခေါ်ဆောင်လာခဲ့တာကြောင့် ပရိသတ်များစွာကို ဖမ်းစားနိုင်ခဲ့ပါတယ်။

လန်ဒန်မြို့ SOAS Universityမှာ ကျင်းပတဲ့ ASEAN Film Festival မှာ ပိုင်ဖြိုးသု သရုပ်ဆောင်ခဲ့တဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကားကြီးကို ပြသခွင့်ရခဲ့တာကြောင့် ပျော်ရွှင်ဝမ်းသာနေပြီး နောက်ထပ်လည်း ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

ပိုင်ဖြိုးသုဟာ ‘သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’  ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၁၇) ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards 2018 ဆုပေးပွဲမှာ ‘မီ’ ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့အတူ အနုပညာလုပ်ငန်းများကို အတွဲညီညီလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Source From Paing Phyoe Thu

Comment here