Health

ကော်ဖီသောက်ခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>

မနက်မိုးလင်းတာနဲ့ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်တဲ့ ကော်ဖီချစ်သူတွေရှိမှာပေါ့နော်။ ကော်ဖီဆိုင်ကောင်းကောင်းလေးတွေရွေးထိုင်တက်ပြီး ရောက်တာနဲ့အရင်ဆုံးဘာကော်ဖီမှာရမလဲဆိုတာစဉ်းစားတက်တဲ့ လူတွေရောရှိလား။ ဒီလိုဆို ကော်ဖီချစ်သူလေးတွေအတွက် ကော်ဖီသောက်ခြင်းကြောင့်ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ ကော်ဖီက သင့်ရဲ့စွမ်းအားတွေကို ပိုတိုးမြင့်စေပြီး ပင်ပန်းနွမ်းနယ်မှုတွေကိုလျော့ချပေးပါတယ်။

၂။ သွေးထဲက အက်ဒရီနယ်လင် (Adrenaline) ဓာတ်ကိုမြင့်မားစေပြီး ကိုယ်လက်လှုပ်ရှားမှုတွေအတွက် အဆင်သင့်ဖြစ်နေစေပါတယ်။

၃။ ကိုယ်ခန္ဓာကအဆီတွေလောင်ကျွမ်းဖို့ကိုကူညီပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကဖင်းဓာတ်က သင့်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ၁၁ရာခိုင်နှုန်းအထိ တိုးမြင့်မြန်ဆန်လာစေလို့ပါ။

၎။ ဆိုဒါတွေနဲ့မတူတာက ကော်ဖီက သင့်ရဲ့သွေးပေါင်ချိန်ကိုမမြင့်တက်စေပါဘူး။

၅။ ကော်ဖီမှာ ကယ်လိုရီမပါဝင်ပါဘူး။

၆။ ကော်ဖီသောက်တဲ့လူတွေမှာ အယ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ဖြစ်ပေါ်နိုင်ချေလျော့နည်းပါတယ်။ ဆီးချိုရောဂါ အမျိုးအစား – ၂ (Type 2 Diabetes) ဖြစ်ပွားမှုနှုန်းကို ၂၃ ကနေ ၅၀ ရာခိုင်နှုန်းလောက်အထိလျော့ကျစေပြီး ပါ့ကင်ဆန် ရောဂါ (Parkinson’s Disease) ဖြစ်ပွားမှုကို ၃၂ ကနေ ၆၀ ရာခိုင်နှုန်းအထိလျော့ကျစေပါတယ်။

၇။ တစ်နေ့ကို ကော်ဖီ ၄ ခွက်လောက်တက်သူတွေမှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်နိုင်မှု ၅၃ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကော်ဖီက စိတ်ဓာတ်ကျခြင်းကို အထိုက်အလျောက်ဆန့်ကျင်နိုင်တဲ့အစွမ်းရှိလို့ပါ။

၈။ ကော်ဖီမှာ အင်တီအောက်ဆီးဒင့်ဓာတ် (Antioxidants) ကြွယ်ဝစွာပါဝင်လို့ ခုခံအားစနစ်ကိုကောင်းမွန်စေပြီး ကင်ဆာအပါအဝင်တခြားရောဂါများအန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၉။ ကော်ဖီက ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကိုပိုပြီးမြင့်မားစေပါတယ်။

၁၀၊ ကော်ဖီသောက်တဲ့အမျိုးသမီးတွေမှာ အရေပြားကင်ဆာဖြစ်ပွားနိုင်ချေလျော့နည်းပါတယ်။

၁၁။ ကော်ဖီသောက်ခြင်းကြောင့်နှလုံးရောဂါဖြစ်နိုင်ချေကို ၂၁ ရာခိုင်နှုန်းအထိလျော့ချပေးပါတယ်။

၁၂။ ကော်ဖီကအသည်းအတွက်လည်းကောင်းမွန်ပြီး အသည်းရောဂါဖြစ်နိုင်ချေကိုလည်းလျော့ကျစေပါတယ်။

၁၃။ ကော်ဖီသောက်တာက သင့်ကိုပိုပြီးပျော်ရွှင်စေပါတယ်။

၁၄။ ကော်ဖီရဲ့ရနံ့လေးကတောင် သင့်ရဲ့စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်။

















Ref : LIfestyle

Comment here