Knowledge

ဆစ်ဒနီပြတိုက်ထဲမှာ တွေ့ရတဲ့ နှစ်ပေါင်း(၁၅၀) အလွန်က ရေနေသတ္တ၀ါများကို ဖော်ပြပေးလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ဆစ်ဒနီဆိပ်ကမ်းပြတိုက်ဟာ ၄င်းဓာတ်ပုံတွေကို နှစ်ပေါင်း(၁၅၀) ကြာပြီးနောက်မှ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။

ပြတိုက်မှာ ပြသမယ့် ဓာတ်ပုံပြပွဲကိုတော့ “Capturing Nature” လို့ အမည်ပေးထားပါတယ်။ ၄င်းပြပွဲမှာ (၁၈၅၇) ခုနှစ်ကနေ (၁၈၉၃) အတွင်းက သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးထူးခြားခြား ရေနေသတ္တ၀ါတွေကို ပြသထားပါတယ်။ ထိုခေတ်အခါတုန်းက ဦးဦးဖျားဖျား ရှာဖွေတွေ့ရှိခဲ့တဲ့ သတ္တ၀ါတွေအပြင် ကြီးမားတဲ့ လငါးနဲ့ ဝေလငါးတွေရဲ့ အရိုးစုတွေပါ ပြသထားရှိပါတယ်။ “Capturing Nature” ဟာ သြစတေးလျသိပ္ပံပညာ အဦးအစကို မှတ်တမ်းတင်ပေးရုံတင်မကဘူး၊ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံး တီထွင်မှုကြီးဖြစ်တဲ့ ကင်မရာသမိုင်းကိုပါ ပြောပြနိုင်တယ်လို့ ဆစ်ဒနီဆိပ်ကမ်းပြတိုက်ကတော့ ဆိုပါတယ်။

ပြတိုက်တွင်းမှာ ဓာတ်ပုံပေါင်း (၁၅,၀၀၀) ကို အဖြူအမဲနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၄င်းဓာတ်ပုံတွေကို ရုပ်လုံးသွင်းသူ Henry Barnes နဲ့ သားဖြစ်သူ Henry Barnes Jnr တို့က ပြတိုက်မှုး Gerard Krefft နဲ့အတူ ရိုက်ကူးယူခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။ ပြပွဲစီစဉ်သူ ဗနက်ဆာကတော့ “ဒီဓာတ်ပုံတွေက ကမ္ဘာကြီးကို သြစတေးလျရဲ့ အကြောင်း သိမြင်စေပါတယ်။ သြစတေးလျရဲ့ ဒေသတွင်းတိရစ္ဆာန်တွေကို တွေ့ရမယ့်အပြင် ကိုလိုနီခေတ်တုန်းက ရှိခဲ့တဲ့အခြေအနေကိုလည်း မြင်သာစေပါတယ်…” လို့ ဆိုပါတယ်။

(၁၈၈၂)ခုနှစ်တုန်းက ဖမ်းမိခဲ့တဲ့ ဧရာမပင်လယ်ငါးကြီး

Source : Henry Barnes

(၁၈၇၀)ပြည့်နှစ်တွေတုန်းက ရှိခဲ့တဲ့ ငါးပြခန်း ….

Source : Henry Barnes

ပြတိုက်ထဲမှာ ပြသထားတဲ့ ငါးမန်းဖြူကြီးရဲ့ ဓာတ်ပုံ ….

Source : Henry Barnes

(၁၈၆၉)ခုနှစ်က ဖမ်းဆီးရရှိခဲ့တဲ့ ဧရာမငါးလိပ်ကျော်ကြီးနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ …

Source : Henry Barnes

ဝေလငါးကြီးရဲ့ အရိုးအစိတ်အပိုင်း တစ်ခုပါ ….

Source : Henry Barnes










Ref : Daily Mail

Comment here