Sports

အာဆင်နယ်ပရိသတ်တွေကို သောကများစေခဲ့တဲ့ အော်ဘာမီယန်

[Unicode Version]အော်ဘာမီယန်က သူ့ရဲ့ အင်စတာဂရမ်မှာ အာဆင်နယ်ဂျာစီဝတ်ဆင်ထားတဲ့ ရုပ်ပုံနဲ့ သူ့ရဲ့ Bio အကြောင်းကို ဖော်ပြထားမှုမှာ “အာဆင်နယ်” ဆိုတဲ့ နာမည်ကိုထည့်သွင်းထားပေမယ့် ပယ်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကို စိုးရိမ်စေခဲ့တဲ့ အပြုအမူတစ်ခုကို တိုက်စစ်မှူး အော်ဘာမီယန်က ပြုလုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်ကလပ်အသင်းတွေဖြစ်တဲ့ ဂွမ်ဇူး နဲ့ ရှန်ဟိုင်းအသင်းတွေဆီက တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းအထိရရှိမယ့် ကမ်းလှမ်းမှုကို လက်ခံရရှိထားတဲ့ အော်ဘာမီယန်က သူ့ရဲ့ အင်စတာဂရမ်မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Mirror ရဲ့ ရေးသားမှုအရ အော်ဘာမီယန်က သူ့ရဲ့ အင်စတာဂရမ်မှာ အာဆင်နယ်ဂျာစီဝတ်ဆင်ထားတဲ့ ရုပ်ပုံနဲ့ သူ့ရဲ့ Bio အကြောင်းကို ဖော်ပြထားမှုမှာ “အာဆင်နယ်” ဆိုတဲ့ နာမည်ကို ထည့်သွင်းထားခဲ့ပေမယ့် လက်ရှိမှာ ဓာတ်ပုံကိုရော၊ အဆိုပါစာသားကိုပါ ဖယ်ရှားသွားခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီအပေါ်မှာ အာဆင်နယ်ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါဟာ အော်ဘာမီယန် အသင်းပြောင်းရွှေ့တော့မှာလားဆိုတဲ့ မေးခွန်းမျိုးကိုလည်း တချို့ပရိသတ်တွေက မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အော်ဘာမီယန်က လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀၀၀၀) ရရှိနေသူဖြစ်ပြီး တရုတ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုက သူ့ကို စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်ခဲ့ပြီး များပြားတဲ့ ခံစားခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ အော်ဘာမီယန်တို့ရဲ့ စာချုပ်သက်တမ်းက (၂)နှစ် ကျန်ရှိနေသေးပေမယ့် အာရွန်ရမ်ဆေးလို အဖြစ်မျိုးကို ရင်ဆိုင်ရမှာကိုလည်း အာဆင်နယ်က ထိတ်လန့်နေတယ်လို့ သိရပါတယ်။ ရမ်ဆေးဟာ အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုပဲ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ရာမှာ အာဆင်နယ်က ပြောင်းရွှေ့ကြေးတစ်စုံတစ်ရာမရရှိပဲ အလွတ်ထွက်ခွာခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။

အော်ဘာမီယန်က ဒီရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းပြကစားပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးကို အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး အာဆင်နယ်ဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

[Zawgyi Version]ေအာ္ဘာမီယန္က သူ႔ရဲ႕ အင္စတာဂရမ္မွာ အာဆင္နယ္ဂ်ာစီ၀တ္ဆင္ထားတဲ့ ရုပ္ပံုနဲ႔ သူ႔ရဲ႕ Bio အေၾကာင္းကို ေဖာ္ျပထားမႈမွာ “အာဆင္နယ္” ဆိုတဲ့ နာမည္ကိုထည့္သြင္းထားေပမယ့္ ပယ္ဖ်က္သြားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကို စုိးရိမ္ေစခဲ့တဲ့ အျပဳအမူတစ္ခုကို တိုက္စစ္မွဴး ေအာ္ဘာမီယန္က ျပဳလုပ္သြားခဲ့ျပီ ျဖစ္ပါတယ္။ တရုတ္ကလပ္အသင္းေတြျဖစ္တဲ့ ဂြမ္ဇူး နဲ႔ ရွန္ဟိုင္းအသင္းေတြဆီက တစ္ပတ္လုပ္ခ ေပါင္ (၃)သိန္းအထိရရွိမယ့္ ကမ္းလွမ္းမႈကို လက္ခံရရွိထားတဲ့ ေအာ္ဘာမီယန္က သူ႔ရဲ႕ အင္စတာဂရမ္မွာ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

Mirror ရဲ႕ ေရးသားမႈအရ ေအာ္ဘာမီယန္က သူ႔ရဲ႕ အင္စတာဂရမ္မွာ အာဆင္နယ္ဂ်ာစီ၀တ္ဆင္ထားတဲ့ ရုပ္ပံုနဲ႔ သူ႔ရဲ႕ Bio အေၾကာင္းကို ေဖာ္ျပထားမႈမွာ “အာဆင္နယ္” ဆိုတဲ့ နာမည္ကို ထည့္သြင္းထားခဲ့ေပမယ့္ လက္ရွိမွာ ဓာတ္ပံုကိုေရာ၊ အဆိုပါစာသားကိုပါ ဖယ္ရွားသြားခဲ့တာျဖစ္တယ္လုိ႔ သိရျပီး အဲဒီအေပၚမွာ အာဆင္နယ္ပရိသတ္ေတြက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

ဒါဟာ ေအာ္ဘာမီယန္ အသင္းေျပာင္းေရႊ႕ေတာ့မွာလားဆိုတဲ့ ေမးခြန္းမ်ိဳးကိုလည္း တခ်ိဳ႕ပရိသတ္ေတြက ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ေအာ္ဘာမီယန္က လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္ (၁၉၀၀၀၀) ရရွိေနသူျဖစ္ျပီး တရုတ္ကလပ္ေတြရဲ႕ ကမ္းလွမ္းမႈက သူ႔ကို စိတ္၀င္စားဖြယ္ ဆြဲေဆာင္ႏိုင္ခဲ့ျပီး မ်ားျပားတဲ့ ခံစားခြင့္ကို ရရွိမွာလည္း ျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ေအာ္ဘာမီယန္တို႔ရဲ႕ စာခ်ဳပ္သက္တမ္းက (၂)ႏွစ္ က်န္ရွိေနေသးေပမယ့္ အာရြန္ရမ္ေဆးလို အျဖစ္မ်ိဳးကို ရင္ဆိုင္ရမွာကိုလည္း အာဆင္နယ္က ထိတ္လန္႔ေနတယ္လို႔ သိရပါတယ္။ ရမ္ေဆးဟာ အသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆိုပဲ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ခဲ့ရာမွာ အာဆင္နယ္က ေျပာင္းေရႊ႕ေၾကးတစ္စံုတစ္ရာမရရွိပဲ အလြတ္ထြက္ခြာခြင့္ေပးခဲ့ရတာျဖစ္ပါတယ္။

ေအာ္ဘာမီယန္က ဒီရာသီမွာ အာဆင္နယ္အတြက္ ေျခစြမ္းျပကစားေပးခဲ့သူျဖစ္ျပီး ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ အသင္းကို ယူရိုပါလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးကို အေရးနိမ့္ခဲ့လို႔ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရျပီး အာဆင္နယ္ဟာလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ ဆံုးရံႈးခဲ့ရပါတယ္။

Comment here