Celebrity

အထာက်လြန္းတဲ့ စူးရွထက္ရဲ႕ ပြဲတက္ဖက္ရွင္

Zawgyi Font

စူးရွထက္က ‘Lady Boy’ အထူးပြဲကို ေပါ့ပါးၿပီး အလြန္မိုက္တဲ့ ဖက္ရွင္ေလးနဲ႕ တက္ေရာက္လာခဲ့ပါတယ္။ အမဲေရာင္ရင္ျပတ္အကၤ်ီေလးနဲ႕အတူ ဂ်င္းေဘာင္းဘီၾကီးကို အထာက်က်၀တ္ဆင္လာခဲ့တဲ့ သူမရဲ႕တမူဆန္းျပားတဲ့ ဖက္ရွင္က ပရိသတ္မ်ားရဲ႕အျမင္အာရံုကိုပါ ဖမ္းစားေစခဲ့ပါတယ္။

Image may contain: 2 people

Photo-Suri Deva

စူးရွထက္က ‘Lady Boy’ အထူးပြဲမွာ သူမရဲ႕ဖက္ရွင္အေနအထားနဲ႕အညီ လိုက္ဖက္မယ့္ အထာက်က်ပို႕စ္ေပးထားခဲ့ၿပီး ပံုရိပ္ေလးမ်ားကို သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ မွ်ေ၀ခဲ့ပါတယ္။

Image may contain: 1 person, standing

Photo-Suri Deva

အမ်ားနဲ႕မတူ တမူဆန္းျပားတဲ့ ပို႕စ္အဆန္းမ်ားကို ေပးတတ္တဲ့ စူးရွထက္ကို ပရိသတ္မ်ားက သေဘာက်ျခင္းနဲ႕အတူ ေ၀ဖန္ခ်က္မ်ားစြာနဲ႕ ေစာင့္ၾကည့္အားေပးေနၾကပါတယ္။ လက္ရွိမွာေတာ့ ဓာတ္ပံုရိုက္ကူးေရးအတြက္ လံုးပန္းေနတာျဖစ္ၿပီး ၾကိဳးၾကိဳးစားစား ဓာတ္ပံုရိုက္ေပးေနပါတယ္။

Image may contain: 1 person

Photo-Suri Deva

ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးမ်ားကို ျပဳလုပ္တတ္တဲ့ ေမာ္ဒယ္လ္မေလး စူးရွထက္ဟာ အႏုပညာလုပ္ငန္းမ်ားကို ၾကိဳးၾကိဳးစားစားလုပ္တတ္တဲ့ သူမရဲ႕အက်င့္ေလးေၾကာင့္ ေမာ္ဒယ္လ္ေလာကမွာ ေအာင္ျမင္မႈတစ္ခု ရရွိလာခဲ့ပါတယ္။ ဒါ့အျပင္ အလွဴအတန္းမ်ားကိုလည္း တတ္စြမ္းသေလာက္ လွဴဒါန္းေနတာ ေတြ႕ရပါတယ္။

Image may contain: 1 person, standing

Photo-Suri Deva

အဆိုေတာ္ အစၥဏီနဲ႕အမႈကိစၥျဖစ္ခဲ့ၿပီးေနာက္ စူးရွထက္ဟာ ပရိတ္သတ္မ်ားစြာရဲ႕ ေစာင့္ၾကည့္အားေပးျခင္းနဲ႕ ေ၀ဖန္ခ်က္ဆိုးမ်ားစြာကိုလည္း ရရွိလာခဲ့ပါတယ္။ သို႕ေပမယ့္ စူးရွထက္ဟာ သူမ ခ်စ္ေသာ အႏုပညာမ်ားကိုသာ အာရံုစိုက္လုပ္ကုိင္ေနတာေၾကာင့္ သူမကို စိတ္ဓာတ္မာေၾကာသူအျဖစ္ ေလးစားတဲ့ ပရိတ္သတ္မ်ားလည္း ရွိခဲ့ျပန္ပါတယ္။

 

Source From Sue Sha Htet

 

Unicode Font

စူးရှထက်က ‘Lady Boy’ အထူးပွဲကို ပေါ့ပါးပြီး အလွန်မိုက်တဲ့ ဖက်ရှင်လေးနဲ့ တက်ရောက်လာခဲ့ပါတယ်။ အမဲရောင်ရင်ပြတ်အင်္ကျီလေးနဲ့အတူ ဂျင်းဘောင်းဘီကြီးကို အထာကျကျဝတ်ဆင်လာခဲ့တဲ့ သူမရဲ့တမူဆန်းပြားတဲ့ ဖက်ရှင်က ပရိသတ်များရဲ့အမြင်အာရုံကိုပါ ဖမ်းစားစေခဲ့ပါတယ်။

စူးရှထက်က ‘Lady Boy’ အထူးပွဲမှာ သူမရဲ့ဖက်ရှင်အနေအထားနဲ့အညီ လိုက်ဖက်မယ့် အထာကျကျပို့စ်ပေးထားခဲ့ပြီး ပုံရိပ်လေးများကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

အများနဲ့မတူ တမူဆန်းပြားတဲ့ ပို့စ်အဆန်းများကို ပေးတတ်တဲ့ စူးရှထက်ကို ပရိသတ်များက သဘောကျခြင်းနဲ့အတူ ဝေဖန်ချက်များစွာနဲ့ စောင့်ကြည့်အားပေးနေကြပါတယ်။ လက်ရှိမှာတော့ ဓာတ်ပုံရိုက်ကူးရေးအတွက် လုံးပန်းနေတာဖြစ်ပြီး ကြိုးကြိုးစားစား ဓာတ်ပုံရိုက်ပေးနေပါတယ်။

ချစ်စရာကောင်းတဲ့ အပြုအမူလေးများကို ပြုလုပ်တတ်တဲ့ မော်ဒယ်လ်မလေး စူးရှထက်ဟာ အနုပညာလုပ်ငန်းများကို ကြိုးကြိုးစားစားလုပ်တတ်တဲ့ သူမရဲ့အကျင့်လေးကြောင့် မော်ဒယ်လ်လောကမှာ အောင်မြင်မှုတစ်ခု ရရှိလာခဲ့ပါတယ်။ ဒါ့အပြင် အလှူအတန်းများကိုလည်း တတ်စွမ်းသလောက် လှူဒါန်းနေတာ တွေ့ရပါတယ်။

အဆိုတော် အစ္စဏီနဲ့အမှုကိစ္စဖြစ်ခဲ့ပြီးနောက် စူးရှထက်ဟာ ပရိတ်သတ်များစွာရဲ့ စောင့်ကြည့်အားပေးခြင်းနဲ့ ဝေဖန်ချက်ဆိုးများစွာကိုလည်း ရရှိလာခဲ့ပါတယ်။ သို့ပေမယ့် စူးရှထက်ဟာ သူမ ချစ်သော အနုပညာများကိုသာ အာရုံစိုက်လုပ်ကိုင်နေတာကြောင့် သူမကို စိတ်ဓာတ်မာကြောသူအဖြစ် လေးစားတဲ့ ပရိတ်သတ်များလည်း ရှိခဲ့ပြန်ပါတယ်။

Source From Sue Sha Htet

Comment here